ကမာရွတ်မြို့နယ်တွင် လူကုန်ကူးမှုတာဆီးကာကွယ်ရေးနှင့် လိမ်လည်မှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကမာရွတ် မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်ခရိုင်၊ကမာရွတ်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ သံလွင်လမ်း၊ အမျိုးသမီး သင်တန်း‌ကျောင်းတွင် ရက်(၁၀၀)စီမံချက်ဖြင့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ လူကုန်ကူးမှုတာဆီးကာကွယ်‌ရေးနှင့် online လိမ်လည်မှု အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်ဦးဆောင်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ အမျိုးသမီးသင်တန်းကျောင်းမှ အမျိုးသမီးငယ်များ၊ ရပ်ကွက်နေပြည်သူများ အင်အား(၈၀)ဦးခန့် တက်ရောက်ခဲ့သည်။

ဆက်လက်၍  ဟောပြောပွဲများကိုကျင်းပရာ မြို့နယ်ရဲမှူးဝင်းတင့်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်ရွှေဖြူက online လိမ်လည်မှုများပပျောက်ရေးအတွက်လည်းကောင်း အသိပညာပေးဟောပြောခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး တက်ရောက်လာသူများအား မုန့်များ ဝေဌခဲ့ကြကြောင်း သိရပါသည်။

စိမ်းလဲ့(ပြန်ဆက်)