ဒလမြို့နယ်၌ မှုခင်းကျဆင်းရေးနှင့်သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟော‌ပြောပွဲကျင်းပ

ဒလ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ မှုခင်းကျဆင်းရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟော‌ပြောပွဲကို ယမန်နေ့ ညနေပိုင်းက စက်မြေရပ်ကွက်၊ ရာဇသင်္ကြန်ကမ်းနားလမ်း၊ သမ္ဗာန်ဆိပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းအောင်မြတ်မှ ရပ်ရွာအေးချမ်းသာယာရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးထွန်းမှ မှုခင်းလျော့နည်းကျဆင်းရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်သက်ပွင့်ကျော်မှ ဥပဒေအသိပညာ ပြန့်ပွားရေးဆိုင်ရာများကိုလည်းကောင်း ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သူမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း  ကဏ္ဍအလိုက် ဟောပြောဆွေးနွေးခဲ့ကြသည်။

အဆိုပါဟောပြောပွဲသို့  ဒလမြို့နယ်ရှိ ဒလ-ရန်ကုန်စက်လှေသမ္ဗာန်ဆိပ်(၁၀)ခုမှ သမ္ဗာန်ဂိတ်မှူးများ၊ စက်လှေမောင်းသူများ စုစုပေါင်းအင်အား(၁၂၀)ဦး တက်ရောက်ကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)