ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပေါက်ခေါင်း မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်​ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ပေါက်ခေါင်း)ကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ပညာရေးမှူး ဒေါ်ကြူကြူခိုင်က သင်တန်းနှင့်ပတ်သတ်၍ ဆွေးနွေးပြောကြားခဲ့ပြီး ပေါက်ခေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးသန်းထူးအောင်နှင့် ဦးကျော်စွာလင်းတို့က ချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ SWEET ကိုယ်ပိုင်မူလတန်းကျောင်းမှ ကျောင်းသူတစ်ဦးက tx "လမ်းပြကြယ်" သီချင်းဖြင့် ကိုယ်တိုင်တီးခတ်သီဆိုဖျော်ဖြေခြင်း၊ အ.ထ.က(ပေါက်ခေါင်း)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက "လုလင်ငယ်သွေး" သီချင်း၊ "ဇာတိမာန်" သီချင်းများဖြင့် အသီးသီး သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)