ပန်းတောင်းမြို့နယ်၌ Book Club အသင်းဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ပန်းတောင်း မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများ အချင်းချင်း ရင်းနှီးပွင့်လင်းစွာဖြင့် စာပေအမြင်များ ဖလှယ်နိုင်စေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ တိုးပွားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းဝင်များပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်​သင်းသင်းအေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် Book Club အသင်းဝင်များက စာရေးဆရာဒေါက်တာ ခင်မောင်ညို ရေးသားထားသော "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ပါ အကြောင်းအရာများကို အလှည့်ကျဆွေးနွေးကြသည်။

ထိုသို့ဆွေးနွေးရာတွင် စာအုပ်ပါ ဗဟုသုတများ၊ လူငယ်နှင့်စာပေ၏ အကျိုးကျေးဇူးများ၊ စာဖတ်ခြင်းဖြင့်ရရှိလာမည့် ဆင်ခြင်တုံတရားများနှင့်ပတ်သက်၍ မိမိတို့၏အမြင်များကို အသီးသီး အပြန်အလှန် နှီးနှောဖလှယ် ဆွေးနွေးခဲ့ကြသည်။ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ် ထိတွေ့မှုရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရန်အတွက် ယခုကဲ့သို့ စာဖတ်ဝိုင်းများ၊ အသိပညာပေး Talk Show များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လပြည့်လင်း​(ပြန်/ဆက်)