စလင်း မေ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ် ရက် (၁၀၀) Quick Win ဆောင်ရွက်မည့် တောင်သူများအား သီးနှံမျိုးစေ့များထောက်ပံ့ခြင်းနှင့် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနားကို မေလ(၁၄)ရက်နေ့ နံနက်(၁၀) နာရီက၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ မြို့မ Kc အစည်းအဝေးခန်းမဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က အမှာစကားပြောကြားရာတွင် ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် တောင်သူများအား သီးနှံမျိုးကောင်းမျိုးသန့်များရရှိပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေးအထောက်အကူပြုလုပ်ငန်းအဖြစ်ဒေသအတွင်းမှ အကျိုးဆောင်တောင်သူများကို အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်သီတာလွင်က စိုက်ပျိုးရေးဦးစီးဌာန၏ဆောင်ရွက်လျက်ရှိသည့် မျိုးကောင်းမျိုးသန့်များပြန့်ပွားရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်း၊ စိုက်နည်းစနစ်များမှန်ကန်တိုးတက်လာစေရေးအတွက် တောင်သူနည်းပညာပေးလုပ်ငန်း၊ သုတေသနစမ်းသပ်ပြုလုပ်သည့်လုပ်ငန်းများအပေါ် တောင်သူများမှပူးပေါင်းဆောင်ရွက်၍ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ နည်းစနစ်များကို၊ တောင်သူတစ်ဦးချင်းလိုက် နာကျင့်သုံးစေရေးတို့ကိုပြောကြားခဲ့ပြီး မြို့နယ်စီမံခန့ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်မြို့ မိမြို့ဖ ဦးစိန်လင်းက စိုက်ပျိုးရေးကဏ္ဍများကို ဆွေးနွေးခဲ့သည်။
ထို့နောက် စလင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်လင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရက် (၁၀၀) အတွင်း မိုးသီးနှံစိုက်ဧရိယာ ၁၀၅၄၀၆ ဧက၊ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အထိ မိုးဦးသီးနှံစုံ ၁၆၅၇၈ ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး၊ စိုက်ပျိုးရန်ကျန်ရှိနေသေးသည့် ဧရိယာများတွင်၊ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုး နိုင်ရေးမျိုးသန့်စိုက်ပျိုးအထွက်တိုးနိုင်ရေးနှင့် တောင်သူများအထောက်အပံ့ဖြစ်စေရေး ရည်ရွယ်လျက် တိုင်းဒေသကြီးခွင့်ပြုရံပုံငွေကျခံ၍ သီးနှံမျိုးစေ့များဖြစ်သည့် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစဥ်းငုံသီးနှံများ စုစုပေါင်း(၉၄)ဧက စာနှင့်ချည်မျှင်ရှည်ဝါမျိုးစေ့ (၂၅၁၅.၅ ) ဧကစာ၊ မျိုးသန့် မျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာနအစီအစဥ်ဖြင့် မျိုးသန့်များစိုက်ပျိုး အကျိုးဆောင်တောင်သူများရွေးချယ်၍ ချီးမြှင့်ပေးအပ်ခြင်း ထပ်မံ၍စိုက်ပျိုးမြေဆီလွှာဖွံဖြိုးတိုးတက်စေရေး အထောက်အကူပြု သစ်စိမ်းမြေသြဇာပြုလုပ်နိုင်ရေး ပိုက်ဆံလျှော်(၅၅) ဧက စာထပ်မံဖြန့်ဝေခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး မြို့မ Kc အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်သီတာလွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးအဖွဲ့ဝင်များနှင့် ရက် (၁၀၀) Quick Win ဆောင်ရွက်မည့် ကျေးရွာအုပ်စုများမှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)