ရေနံချောင်း မေ ၁၅
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ အခွန်ထမ်းလုပ်ငန်းရှင်များအား အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးမှူး ဦးသိန်းဦးက တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းပြေကြားရာ တက်ရောက်လာသည့် အခွန်ထမ်းလုပ်ငန်းရှင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်အတွင်းရှိ အခွန်ထမ်းလုပ်ငန်းရှင် (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုစိုးကြီး