တောင်တွင်းကြီးမြို့နယ်တွင် KG နှင့် Grade–1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးစနစ် (ဆင့်ပွား)သင်တန်း ဆွေးနွေးပွဲပို့ချ

တောင်တွင်းကြီး မေ ၁၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍  KG နှင့် Grade  1 သင်ပြနည်းစနစ် နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးစနစ်(ဆင့်ပွား)သင်တန်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဆွေးနွေးပွဲကို ဗဟို့အဆင့်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းနည်းပြ ဆရာ၊ဆရာမ (၄၆)ဦးက သင်ကြားပို့ချလျက်ရှိကာ အခြေခံပညာကျောင်းများမှ သင်တန်းသား (၂၀၃)ဦးနှင့် သင်တန်းသူ (၉၅၃)ဦး၊ ကိုယ်ပိုင်ကျောင်းများမှ သင်တန်းသူ ၄ ဦးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ သင်တန်းသူ ၂ ဦး ၊ စုစုပေါင်း သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း (၁၁၆၂)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။ အဆိုပါ သင်တန်းကို ၁၀ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)