စုကလိ ဩဂုတ် ၆
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များ၊ သိမှတ်ဖွယ်ရာများကို ပြည်သူများအလွယ်တကူဖတ်ရှုလေ့လာနိုင်ရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အကြောင်း သိကောင်းစရာများ အသိပညာပေးနံရံကပ်စာစောင်အား ပြသဆောင်ရွက်ထားသည်။
အဆိုပါ အသိပညာပေးနံရံကပ်ပြဘုတ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာချက်များ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများ၊ နေရပ်ဒေသပြောင်းရွှေ့နေထိုင်သူများနှင့် အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသူများ မဲပေးနိုင်ရန် ဆောင်ရွက်ရမည့် အချက်များ၊ မဲဆန္ဒရှင်စာရင်း ကြည့်ရှုရန် နှိုးဆော်ချက်များနှင့် မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ အမေးနှင့်အဖြေများအား ထည့်သွင်းပြသထားသည်။
ထိုသို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းလုပ်ငန်းကို ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သတင်းအချက်အလက်များနှင့် ဗဟုသုတရဖွယ် အချက် အလက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးနှင့် အလွယ်တကူလေ့လာဖတ်ရှုနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အချိန်နှင့် တစ်ပြေးညီ ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း၊ စောအောင်မိုးဦး(ပြန်/ဆက်)