ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာဌာနဆိုင်ရာဝန်ထမ်းများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ဆီ၊ ကုလားပဲ၊ ဆား ပေးအပ်ပွဲပြုလုပ်

ကသာ မေ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြန်လည်ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲများပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်မှုကို ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦး‌ကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းနှင့်အဖွဲ့ဝင်တို့က ကြီးကြပ်လျက်ရှိပြီးတာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝနထမ်းတစ်ဦးလျှင် ထောက်ပံ့ချီးမြှင့် ဆန် (၅ ပြည် (၆) ဘူး)၊ ဆီ(၅၀) ကျပ်သား၊ ကုလားပဲ (၅၀)ကျပ်သားနှင့် ဆား (၅၀) ကျပ်သားနှုန်းဖြင့် လူဦးရေ (၂၄၇) ဦးအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိ နေသောယာယီနေရပ်စွန့်ခွာဌာနဆိုင်ရာဝန်ထမ်းများအတွက် ချီးမြှင့်ငွေထောက်ပံ့ပေးအပ်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီထံမှ သိရသည်။

ကျော်စွာ