ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် အခြေခံမွေးမြူရေး ပညာပေးသင်းတန်းဖွင့်လှစ်

ပေါင် မေ ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှဦးဆောင်၍ မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက်ရည်ရွယ်၍ အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်‌မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် သင်တန်းဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ သထုံခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာဥမ္မာနှင်းက နိုင်ငံတော်အနေဖြင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် စာတွေ့လက်တွေ့ပို့ချသည့် သင်ခန်းစာများကို သေချာစွာလေ့လာသင်ယူပြီး မိမိဒေသအတွက် အကျိုးပြုသောသူများဖြစ်လာရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်ရဲအောင်က ယခုဖွင့်လှစ်သည့်သင်တန်းသည် ဒေသခံပြည်သူများအတွက် များစွာအကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်ကြားပို့ချမှုနှင့်ပတ်သက်၍ မရှင်းလင်းသည်များကို မေးမြန်းဆွေးနွေးနိုင်ပါကြောင်း၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်သူများဖြစ်လာရန်လိုအပ်ပါကြောင်း‌ ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းသား (၁၅) ဦးတို့ဖြင့် (၂) ရက်ကြာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွမ်းကျင်သူများက သင်ထောက်ကူပစ္စည်းများအသုံးပြု၍ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)