ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး‌ဆိုင်ရာ သင်တန်းဖွင့်လှစ်

ကျိုက်ထို မေ ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် KG, G-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး‌ဆိုင်ရာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရာပြည့်ခန်းမ) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက အဖွင့်အမှာစကားနှင့် သင်တန်းပြုလုပ်ရသည့်ရွယ်ချက်များကို ပြောကြားခဲ့သည်။ အဆိုပါသင်တန်းတွင် ECCD Law ၊ Child Law ၊ ကလေးစိတ်ပညာ၊ ကလေးသဘာဝနှင့်အခြေခံ၊ သင်ယူမှုအခြေခံအုတ်မြစ်သင်ယူမှုပုံစံများ၊ ကလေးဖွံ့ဖြိးမှု၊ Classroom Management ၊ ဘာသာစကားဖွံ့ဖြိုးမှုအတွက် အခြေခံ music စသည့်ဘာသာရပ်များကို သင်တန်းနည်းပြ (၁၀) ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၂၄၆) ဦးတို့အား (၁၀) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)