ကလေး မေ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးလေဆိပ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် လေ့လာရေးခရီးစဉ်များမှ ပြန်လည်ရောက်ရှိလာကြသည့် ကလေးမြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအား ယနေ့မွန်းလွဲ ၃ နာရီအချိန်က ဒေသကွပ်ကဲစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အိုးစည်ဒိုးပတ်များဖြင့် နွေးထွေးပျူငှာစွာ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါလေ့လာရေးခရီးစဉ်များတွင် နည်းပညာတက္ကသိုလ်မှ ကျောင်းသူ (၁) ဦး၊ ကလေးတက္ကသိုလ်မှ ကျောင်းသူ (၂) ဦး၊ အခြေခံပညာအထက်အဆင့် ကျား (၄) ဦး၊ မ (၄) ဦး စသည့် လူရည်ချွန်မောင်မယ်စုစုပေါင်း (၁၁) ဦးနှင့် ကြီးကြပ်ဆရာမ (၁) ဦးတို့သည့် နေပြည်တော်၊ ပြင်ဦးလွင်၊ အင်းလေး၊ ချောင်းသာနှင့် ငွေဆောင်ဒေသများသို့ သွားရောက်လေ့လာ၍ ပြည်လည် ရောက်ရှိလာကြရာ ကလေးခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကလေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ခရိုင်ညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာဆရာမများ၊ မြို့မိမြို့ဖများ၊ ကျောင်းသားမိဖများက ဂုဏ်ပြုပန်းကုံးများ၊ လက်ဆောင်ပစ္စည်းများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)