လူထုအ​ခြေပြုဗဟိုဌာန(ဗဟန်း)၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် Online လိမ်လည်မှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန် ​မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် လူထုအ​ခြေပြုဗဟိုဌာန (ဗဟန်း)၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်​ထောက်ညွှန်ကြား​ရေးမှူး ဒေါ်အေးအေးခိုင်က နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ရသည့်အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရဲအုပ်ကျော်သူရထွန်းမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အဖြစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပြီး ရဲအုပ်ဝင်းမင်းသန်းမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ​ပေးဟောပြောသည်။

ယင်း​နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဆုပြည့်ကျော်က နိုင်ငံတော်အစိုးရ ရက်(၁၀၀)စီမံချက်အဖြစ် အွန်လိုင်းလိမ်လည်မှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပြီး မြို့နယ်ရဲမှူးသိန်းလွင်က မှုခင်းအသိပညာ​ပေး​ ဟောပြောခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု တားဆီးကာကွယ်ရေး အသိပညာပေး စာအုပ်၊ စာ​စောင်များကို ကြည့်ရှုလေ့လာခဲ့ကြပြီး တာဝန်ရှိသူများက လက်ကမ်းစာ​စောင်များ ဖြန့်​ဝေ​ပေးခဲ့ကြောင်း သိရသည်။

​အောင်မြင့် (ပြန်/ဆက်)