ကျိုက်ထို မေ ၁၅
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း (စနစ်ကျ) (၂၀၀) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို ကျိုက်ထိုမြို့နယ်စက်မှု လယ်ယာဦးစီးဌာန အမှတ် (၈၃) စက်မှုလယ်ယာစခန်းမှ ယမန်နေ့နံနက်ပိုင်းတွင် ကျိုက်ထိုမြို့နယ် ကျိုက္ကသာကျေးရွာ ကွင်းအမှတ် (၁၈၈) (OSS) သောင်ကွင်း၌ ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က ဧကကွက်ဖော်ရာ၌ ထယ်ထိုးခြင်း၊ ထွန်မွှေ ခြင်း၊ မြေညှိခြင်း၊ ကန်သင်းပြုလုပ်ခြင်းများကို ဆောင်ရွက်ခြင်းကြောင့် သီးနှံထွက်နှုန်းတိုးလာသည့်အပြင် လယ်ယာမြေဈေးနှုန်းကာလ တန်ဖိုးမြင့်တက်လာမည်ဖြစ်ကြောင်း ရရှိခံစားရမည့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဇော်က လယ်ယာမြေအဆင့်မြှင့်တင်ခြင်းခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများကို တောင်သူများအား ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လယ်ယာမြေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်ရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်အဖွဲ့ဝင်များ၊ သထုံခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခန့်ကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဇော်နှင့်ဝန်ထမ်းများ ဌာနဆိုင်ရာအကြီးအကဲများ တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)