ကျောက်တံတား သြဂုတ် ၆
ကျောက်တံတား မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် ရေစီးရေလာ ကောင်းမွန် စေရန်အတွက် ၃၇ လမ်း(မဟာဗန္ဓုလလမ်း နှင့်အနော်ရထာလမ်းကြား)ရှိ ရေမြောင်းများ တူးဖော်ခြင်း၊ ရေမြောင်းဘောင်များပြုပြင် ခြင်းနှင့် ရေမြောင်းဖုံးများအသစ်လဲလှယ်ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
အဆိုပါ ရေမြောင်းများ တူးဖော်ခြင်း၊ ရေမြောင်းဘောင်များပြုပြင်ခြင်းနှင့် ရေမြောင်းဖုံးများအသစ်လဲလှယ်ခြင်း တို့ကို ဇူလိုင်လ ၂၀ ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပြီး သြဂုတ်လ ၃၁ ရက်နေ့တွင် အပြီးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ရွှေနန်းမေ