ကျိုက်မ​ရောမြို့၌ ကိုဗစ် -၁၉ စီးပွား​ရေးထိခိုက်မှုသက်သာ​ရေးစီမံချက်အရ ဝက်​မွေးမြူ​ရေးသင်တန်းဖွင့်လှစ်

ကျိုက်မ​ရော သြ ဂုတ်      ၆

ကိုဗစ်-၁၉ ​ရောဂါ ကန့်သတ်ကာလ​ဖြေ​လျော့မှုများတွင် ​မွေးမြူ​ရေးလုပ်ငန်းများ ပြန်လည်ဦးမော့​ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉၏ စီးပွား​ရေးထိခိုက်မှုသက်သာ​ရေးစီမံချက်(CERP)အရ ဖွင့်လှစ်​သောဝက်​မွေးမြူ​ရေးသင်တန်းကို ယ​မန်နေ့ နံနက်၁၀နာရီက ​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီး ဌာန၊ သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကျိုက်မ​​ရောမြို့နယ်​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှူး ​အောင်စိုးလင်း က တိရစ္ဆာန်ကျန်းမာ​ရေး​ရောဂါကာကွယ်ထိန်းချုပ်​ရေးနှင့်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်​စေရန် ရည်ရွယ်၍ ဝက်​မွေးမြူ​ရေးသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်​ကြောင်း​ပြောကြားခဲ့သည်။

ဆက်လက်၍သင်တန်းတွင်​ မွေးမြူ​ရေးခြံ​ဆောက်လုပ်နည်း၊ အစာအဟာရ​ကျွေးနည်း၊​ ရောဂါကာကွယ်ကုသ နည်း၊​ စျေးကွက်သို့ တင်ပို့​ရောင်းချနိုင် သည်အထိ အနာ​ရောဂါကင်းရှင်း​ရေး​​ဆောင်ရွက်နည်းတို့ကို စာ​တွေ့လက်​တွေ့သင်ကြား​ပေးခဲ့သည်။

အဆိုပါသင်တန်းကို သြဂုတ် ၅ ရက်မှ ၇ ရက်​နေ့ထိ (၃)ရက်ကြာသင်ကြားပို့ချ​ ပေးသွားမည်ဖြစ်​ပြီး သင်တန်းသား သင်တန်းသူ(၃၀)ဦးတက်​ရောက်ခဲ့ကြ​ကြောင်းသိရသည်။

ချိုချို( ပြန်/ ဆက်)