ခန္တီးမြို့ ပေါမိုင်းရပ်ကွက်ရှိ သာစည်မြစ်ကမ်းပါးထိန်းနံရံ ချင်းတွင်းမြစ်ရေ တိုက်စားမှုအခြေအနေ တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ခန္တီး ဩဂုတ် ၆

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၉၁ ဒသမ ၄ သန်းဖြင့် ထက်ရွှေအိမ်စံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ခန္တီးမြို့ ပေါမိုင်းရပ်ကွက်၊ သာစည်မြစ်ကမ်းပါးထိန်းနံရံ ချင်းတွင်းမြစ်ရေတိုက်စားမှု အခြေအနေကို ဩဂုတ်လ ၅ ရက် ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း မြို့နယ်အုပ်ချုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် စည်ပင်သာယာရေးကော်မတီ ဦဘကြိုင်တို့က သွားရောက်ကြည့်ရှုစစ်ဆေးရာ ကမ်းနားမြေသားအနည်းငယ် တိုက်စား နေမှုကိုသာတွေ့ရှိရပြီး ကမ်းပါးထိန်းနံရံအောက်ခြေမှာ ကွန်ကရစ်အခိုင်အမာ တည်ဆောက်ထားခြင်းကြောင့် ပြိုကျ ပျက်စီးနိုင်မှုအ‌ခြေအနေ မတွေ့ရှိရကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးထိန်းနံရံအောက်ခြေ ယိုင်နေကြောင်းတင်ပြလာချက်အရ ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌတို့က ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး ကမ်းပါးထိန်းနံရံအောက်ခြေတွင် ကွန်ကရစ်ဖြင့် အခိုင်အမာတည်ဆောက်ထားခြင်း၊ ချင်းတွင်းမြစ် "ဝဲကယက်သေး" တိုက်စားမှုကြောင့်‌ ကမ်းပါးထိန်းနံရံအောက်ခြေကွန်ကရစ်ရှိ ကမ်းနားမြေသားအနည်းငယ် တိုက်စား နေမှုကိုသာတွေ့ရှိရပြီး ကမ်းပါးထိန်းနံရံအောက်ခြေမှာ ပြိုကျပျက်ဆီးနိုင်မှုအ‌ခြေအနေမတွေ့ရှိရကြောင်း စိစစ်တွေ့ရှိရတယ်လို့ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အမ်းအင်းလမ်း(ပြန်/ဆက်)