ကချင်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး စားသုံးသူ‌ရေးရာကော်မတီအဖွဲ့ဝင်များနှင့် (၂/၂၀၂၆) ကြိမ်မြောက် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မေ ၂၉

ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်သည် ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးက စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးနိုင်ရေးနှင့် ပိုမိုကောင်းမွန်သည့် စားသုံးသူကာကွယ်ရေးနဲ့ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ စားသုံးသူတိုင်ကြားမှုပေါင်း (၃၄)မှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ Sop များနှင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပိုမိုကောင်းမွန်သည့် စားသုံးသူကာကွယ်ပေးရေး၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးအားလုံးက လုပ်ငန်းများအပေါ် ဝိုင်းဝန်းသုံးသပ် အကြံပြုဆွေးနွေးပေးကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်စားသုံးသူ‌ရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်နိုင်လင်းက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်ဥပဒေချုပ်၊ ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများက စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးနိုင်ရေးတို့အတွက် ရှေ့လုပ်ငန်းစဉ်များအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)