ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၌ ဥပဒေရေးရာဝန်ကြီးဌာန၏ စီမံကိန်းဆောင်ရွက်မည့် အစီအမံများအား ထပ်ဆင့်ရှင်းလင်း

မြစ်ကြီးနား  မေ ၃

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များမှ တရားဥပဒေစိုးမိုးရေး နိုင်ငံသားတိုင်း ဥပဒေ အကာအကွယ်ကို အညီအမျှရရှိရေးဆိုင်ရာများနှင့် ဥပဒေရေးရာဝန်ကြီး၏ ပြည်ထောာင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများ၏ ညှိနှိုင်းဆွေးနွေးပွဲမှ လမ်းညွှန်မှာကြားချက်များအပေါ် ကချင်ပြည်နယ်ဥပဒေချုပ်က ခရိုင်/မြို့နယ်ဥပဒေအရာရှိများအား ထပ်ဆင့်ရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားတွင် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးက ဝန်ကြီးဌာန၏ စီမံကိန်းဆောင်ရွက်မည့် အစီအမံများနှင့် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်တို့၏ လမ်းညွှန်မှာကြားချက်များ၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်တို့၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦးက ဥပဒေရေးရာဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၏ လုပ်ငန်းလမ်းညွှန်မှာကြားချက်များနှင့် ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများကို တက်ရောက်လာကြသည့် တက်ရောက်လာကြသည့် ခရိုင်ဥပဒေအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)