ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ရွှေပြည်သာ မြို့နယ်၊ ရန်ကုန်အမှိုက်မှ စွမ်းအင်ထုတ်စက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

အင်းစိန်  မေ  ၃၁

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ ရန်ကုန်အမှိုက်မှ စွမ်းအင်ထုတ်စက်ရုံသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ ပြည်လမ်းနှင့် အမှတ်(၄)လမ်းတို့ကို ဆက်သွယ်ထားသော လှော်ကားလမ်းမပေါ်ရှိ ရန်ကုန်အမှိုက်မှ စွမ်းအင်ထုတ်စက်ရုံသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့သည် စက်ရုံ၏ လည်ပတ်ပုံအဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)