မိုးညှင်းမြို့၌ မြို့မစည်ပင်သာယာရေးဈေး သန့်ရှင်းသာယာလှပစေရေး ရေနှုတ်မြောင်းများမှ သဲနုန်းများအမှိုက်သရိုက်များ ရှင်းလင်း

မိုးညှင်း          မေ      ၃၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ မြို့မစည်ပင်သာယာရေးဈေးအား သန့်ရှင်းသာယာလှပစေရေးအတွက် ရေနှုတ်မြောင်းများမှ သဲနုန်းများနှင့် အမှိုက်သရိုက်များကို ယနေ့နံနက်ပိုင်းက ရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်နေမှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးဝင်းနိုင် ဦးဆောင်သည့် စည်ပင်အင်ဂျင်နီယာတာဝန်ခံအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးကော်မတီဝင်များနှင့်အတူ ၎င်းဈေးအတွင်းအပြင်ရှိ ရေနှုတ်မြောင်းများအား ရေစီးရေလာများ ကောင်းမွန်လာစေရေးနှင့် သန့်ရှင်း သာယာလှပစေရေးအတွက် ပိတ်ဆို့လျက်ရှိသည့် သဲနုန်းများအား ပြန်လည်တူးဖော် ဆောင်ရွက် ခြင်းနှင့် အမှိုက်သရိုက်များ ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံ ကြည့်ရှုစစ် ဆေးကာ လိုအပ်သည်များကို စည်ပင်အမှုဆောင်အရာရှိက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း