လွိုင်လင် ဇွန် ၅
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင်ရောက်ရှိသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပါသည်။
ဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး တက်ရောက်၍ အမှာစကားပြောကြားပါသည်။ ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်ကို ပြသကာ အထိမ်းအမှတ်လက်ဆောင်ပစ္စည်းပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ခင်းကျင်းပြသထားသည့် ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုကြသည်။
အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအခမ်းအနားသို့ ဖိတ်ကြားထားသောဌာနဆိုင်ရာများ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးမှူး ဦးစည်သူနိုင်နှင့်ဝန်ထမ်းများ၊ ကျောင်းသား /ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
လွိုင်လင်မိုး