တန့်ယန်းမြို့နယ်တွင် ကျန်းမာရေးအဆင့်မြင့်ကျောင်း မြို့နယ်အဆင့် ဆရာဖြစ်သင်တန်း ဖွင့်ပွဲ ကျင်းပ

တန့်ယန်း ဇွန် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးအဆင့်မြင့်ကျောင်း မြို့နယ်အဆင့် ဆရာဖြစ်သင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၅ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပ သည်။

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းမန်၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းက သင်တန်းဖွင့်အမှာစကားပြောကြားကာ စုပေါင်းမှတ်တမ်းပုံ ရိုက်ကူးခဲ့သည်။

အဆိုပါ သင်တန်းသို့ ကျန်းမာရေးဌာနမှ (၃၉)ဦး၊ ပညာရေးဌာနမှ (၁၁၅) ဦး စုစုပေါင်း သင်တန်းသား (၁၅၄) ဦး တက်ရောက်ကြကာ နည်းပြ ဆရာ ဆရာမ ၆ ဦးတို့က ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)