ကျွန်းလှ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းကို ဇွန် ၅ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် ဆရာဝန်ကြီး ဒေါက်တာမြတ်မိုးဆန်း ဦးဆောင်သော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများက သက်ကြီးဘိုးဘွားများအား ဆီးချိုနှင့် သွေးချိုစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်ပြီး လိုအပ်သည့်ဆေးဝါးများ ပံ့ပိုးပေးအပ်ကြသည်။
ကျွန်းလှမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား အပတ်စဉ်သောကြာနေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပြီး ကျန်းမာရေးအသိပညာဟောပြောခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ