ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်တွင် ၂၀၂၆ ခုနှစ် အစိုးရနိကာယ် စာမေးပွဲဖြေဆို

ဒဂုံမြောက် ဇွန် ၆

သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် (၃၂)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ် မဟာဂန္ဓာရုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။

အဆိုပါ အစိုးရနိကာယ်စာမေးပွဲသို့ မြိုနယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ‌ ဥတ္တမာဘိဝံသနှင့်အဖွဲ့ဝင်ဆရာတော်များ၊ အစိုးရနိကာယ် စာမေးပွဲကြီးကြပ်ရေး အဖွဲ့ဝင်ဆရာတော်များက လိုအပ်သည် များမြွက်ကြားခဲ့သည်။

အဆိုပါစာမေးပွဲသို ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်မှ စားရင်းရှိ သံဃာတော် (၉၇)ပါး၊ သီလရှင် (၁၅) ပါး၊ စုစုပေါင်း (၁၂၂)ပါးဖြစ်ပြီး ဖြေဆိုသူ သံဃာတော် (၆၇)ပါး၊ သီလရှင်(၁၀)ပါး၊ စုစုပေါင်း(၇၇)ပါးတို့က ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ် မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အလှူရှင်များက ဆရာတော်ကြီးများအား နဝကမ္မဝတ္ထုငွေများကို ဆပ်ကပ်လှူဒါန်းပြီး စာဖြေသံဃာတော်များအား အအေးနှင့်ရေသန့်များဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ