ဒဂုံအရှေ့ ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် စစ်ပင်တောင်ရပ်ကွက် ဒေသန္တရဆေးခန်းတွင် ကျန်းမာရေးဆရာမများမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ယမန်နေ့ နံနက် ၉ နာရီက စတင်ပြီး အပတ်စဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမေးရောင် ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဂျီ)နှင့် ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာမများက ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များအား အပတ်စဉ်သတ်မှတ်ရက်များတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမဉ္ဇူ