တန့်ယန်းမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

တန့်ယန်း ဇွန် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များအကြို အခြေခံမီးသတ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝေဖြိုးလွင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းတက်ရောက်ခဲ့သော သင်တန်းသားများအား သင်တန်းဆင်းဂုဏ်ပြုလက်မှတ်နှင့် သင်တန်းထွင် ထူးချွန်ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  

မင်းလွင်ဦး(တန့်ယန်း)