မိုင်း‌ယောင်းမြို့နယ်၌ ကျွဲ၊ နွား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ

မိုင်းယောင်း ဇွန်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကျွဲ၊ နွား လည်ချောင်းကွဲရောဂါကာကွယ်ဆေးများကို ယမန်နေ့က ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်နှင့်ဝန်ထမ်းများက ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဟောင်ကြန့်ကျေးရွာရှိ တောင်သူများ၏ နွား ၁၂၆ ကောင်အား လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နန်းစီဖေါင်း(ပြန်/ဆက်)