ဗိုလ်တထောင် ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ပညာရာမိကမဟာ(အေ) ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ယမန်နေ့နေ့လည် (၂:၀၀)နာရီအချိန်မှ (၄:၀၀)နာရီအချိန်အထိ တိုင်းရင်းဆေးအခမဲ့ ကွင်းဆင်းကုသခြင်းနှင့် အသိပညာပေး ဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုး ဦးဆောင်သောအဖွဲ့သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ “တိုင်းရင်းဆေးပညာမိတ်ဆက်နှင့် မိုးရာသီတွင်ဖြစ်ပွားသော ရောဂါများအား တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်ခြင်း” အကြောင်း သံဃာ (၄၀)ပါး၊ ကျား၊ မ (၅၀)ဦးခန့်အား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး သံဃာအပါး (၂၀)၊ ကျား (၁၀)ဦး၊ မ (၂၅)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဝင်း(ပြန်/ဆက်)