နောင်ချိုမြို့နယ်တွင် အခြေခံပညာကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ဆေးကဒ်ပြားနှင့် UID များ ကွင်းဆင်းဆောင်ရွက်

နောင်ချို ဇွန်   ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ပြုလုပ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအေးနှင့်ဝန်ထမ်းများက အသက်၁၀နှစ်ပြည့် ကျောင်းသား(၂၉)ဦး၊ ကျောင်းသူ(၃၃)ဦး စုစုပေါင်း (၆၂)ဦးအား နိုင်ငံသားစိစစ်ရေးကဒ်ပြားကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ပေးရာသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးဝင်းမင်းလတ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ ကြည်ရှု့အားပေးခဲ့ကြကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရသည်။

မြို့နယ်ပြန်/ဆက်