ဒဂုံတောင် ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ မိုးရာသီတွင် ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုမရှိစေရေးအတွက် ရေစီးရေလာကောင်းမွန်စေရေး လုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ လူအင်အား၊ စက်အားတို့ဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် (၂၅)ရပ်ကွက်၊ စည်ပင်လမ်းနှင့် မြိတ်လမ်းထောင့်(ဂိတ်ဟောင်းမီးပွိုင့်) တစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး စက်ယန္တရားဖြင့် အမှိုက်နှင့် မြောင်းချေးများဆယ်ယူ၍ ရေနုတ်မြောင်းများ ရှင်းလင်းဆောင်ရွက်နေမှုတို့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယု၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ရေစီးရေလာတာဝန်ခံတို့က ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
နေမျိုးအောင်(ပြန်/ဆက်)