ကျောက်ကြီးမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ကျောက်ကြီး ဇွန် ၆

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၈ နာရီက စတင်ပြီး မြို့မအားကစားဘောလုံးကွင်းနှင့် ကုန်းကျောင်း ပရိယတ္တိစာသင်တိုက်အနီးတို့တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ ဦးဆောင်စီမံမှုဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုအနေဖြင့် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတော်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်း နှင့်အဖွဲ့ဝင်များဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဌာနဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ အတူပူးပေါင်းပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ကျွန်းပျိုးပင်(၁၀၀)၊ ရေမနေပျိုးပင်(၅၀)၊ သင်းဝံပျိုးပင် (၇၀)၊ တပေပုရပျိုးပင်(၃၀)ပင်၊ ထိုင်ဝမ်ဗာဒံပျိုးပင် (၂၅)ပင်နှင့် တည်ပင်ပျိုးပင်(၂၅)ပင် စုစုပေါင်း ပျိုးပင်(၃၀၀)အား သတ်မှတ်ထားသည့်နေရာများတွင် စိုက်ပျိုးခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်