ရွှေပြည်သာမြို့နယ်၌ကွန်ပျူတာအခြေခံအပတ်စဉ်(၁/၂၀၂၆)သင်တန်းဆင်း

ရွှေပြည်သာ   ဇွန်   

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင်၊ရွှေပြည်သာမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီမှကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာအခြေခံသင်တန်း အပတ်စဉ်(၁/၂၀၂၆)သင်တန်းဆင်းပွဲကို ယနေ့နံနက်(၉)နာရီက ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်က  အမှာစကားပြောကြားပြီး သင်တန်းထူးချွန်ဆုရရှိသူများအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)