မိုင်းတုံမြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေး

မိုင်းတုံ ဇွန် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦး‌‌ဆောင်၍ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား‌နှင့် UID ထုတ်‌ ပေးခြင်းလုပ် ငန်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အ-ထ-က မိုင်းတုံ စာသင်ကျောင်းခန်း၌ ယမန်နေ့နံနက် (၉)နာရီ အချိန်က စတင်ပြုလုပ်ခဲ့သည်။

အဆိုပါ ရက်(၁၀၀)လမင်းစီမံချက်ကို မိုင်းတုံမြို့နယ် ဦးစီးမှူးရုံးမှဝန်ထမ်းများက အသက် (၁၀)နှစ်‌ပြည့်ပြီး‌သော ကျောင်းသား၊ ကျောင်းသူများအားလုံးကို ဆောင်ရွက်ပေးပြီး ဆယ်နှစ်ပြည့်ကတ်များအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မိုင်းတုံမြို့နယ်ဦးစီးမှူးက ကာယကံရှင်လက်ဝယ်အရောက် ပေးအပ်သွားမှာဖြစ်ကြောင်း သိရသည်။ ယင်းကျောင်းသား၊ ကျောင်သူများမှာ မြို့‌ပေါ်အတွင်းရှိ အ-ထ-ကမိုင်းတုံစာသင်ကျောင်းအပါဝင် အ-မ-ကစာသင်ကျောင်း (၄)ကျောင်း စုစု‌ပေါင်း (၅)ကျောင်း ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို နောက်ရက်တွင် ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)