ကျောက်တန်း ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ကျောက်တန်းမြို့နယ်၌ မြို့နယ်စီမံခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဦးဆောင်မှုဖြင့် wilmar myanmar ကုမ္ပဏီလီမီတတ် မှပူပေါင်းဖွင့်လှစ်သင်ကြားပေးသည့် အခမဲ့အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို အလယ်ပိုင်းရပ်ကွက် E-library ခန်းမ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ အမှာစကားပြောကြားခဲ့ပြီး wilmar myanmar ကုမ္ပဏီလီမီတတ်မှ တာ၀န်ရှိသူမှ သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးမင်းမိုးမှ မုဒိတာစကားပြောကြားသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်နှင့်တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများ ၊wilmar myanmar ကုမ္ပဏီလီမီတတ်မှ တာ၀န်ရှိသူများ သင်တန်းသား သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
သင်တန်းအား သင်တန်းသား ၂၀ ဖြင့် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပို့ချပေးသွားမည်ဖြစ်ပြီးသင်တန်းကာလ (၂)လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)