ဒလ ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် တောင်သူနည်းပညာပေး ဟောပြောဆွေးနွေးပွဲကို ဇွန်လ ၅ ရက်နေ့နံနက်ပိုင်းက ထော်အောက်ကျေးရွာအုပ်စု၊ ကြာဖြူကန်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာဟောပြောဆွေးနွေးပွဲတွင် ဒလမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်မိုးမှ သီးနှံအထွက်နှုန်း တိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးထပ်စိုက် စွမ်းအားတိုးတက်ရေးတို့အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများအား(Power Point)ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်၊၊
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဒေါ်ခိုင်ခိုင်မော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးထူးအောင်ကျော်၊ မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးစောစေးဘွယ်မှူးနှင့် မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်မိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်၊၊
ခင်စန္ဒာမြင့်(ပြန်/ဆက်)