သာယာဝတီ ဇွန် ၆
သာယာဝတီမြို့နယ် ဂီတအစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်းတွေ့ဆုံပွဲ အခမ်းအနားကို မေ ၁၉ ရက်နေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သာယာဝတီမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးအောင်ကျော်လင်းမှ ဂီတအစည်းအရုံး စတင်တည်ထောင်ခြင်းနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဥ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ သာယာဝတီမြို့နယ် ဂီတအစည်းအရုံး တည်ထောင်ခြင်းခွင့်ပြုသည့် ခွင့်ပြုမိန့်စာကို သာယာဝတီမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟိုထံသို့ သာယာဝတီမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးအောင်ကျော်လင်းမှ ပေးအပ်ခဲ့ပြီး သာယာဝတီမြို့နယ်ဂီတအစည်းအရုံး တည်ထောင်ခြင်းခွင့်ပြုသည့် ခွင့်ပြုမိန့်စာကို သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိထံသို့ သာယာဝတီမြို့နယ် ဂီတအစည်းအရုံး၏ နာယကမှ ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး သာယာဝတီမြို့နယ် ဂီတအစည်းအရုံး၏ နာယက ဦးဇော်ညီညီစိန်နှင့် ဦးသိန်းထွဋ်တို့မှ လိုအပ်ချက်များကို ဖြည့်စွက်ပြောကြားခဲ့ပြီး သာယာဝတီမြို့နယ် ဂီတအစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦး၀င်းနိုင်မှ ရန်ပုံငွေဆိုင်ရာ လိုအပ်ချက်များကို တင်ပြခဲ့သည်။
ထို့နောက် သာယာဝတီမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးအောင်ကျော်လင်းမှ နိဂုံးချုပ်စကား ပြောကြားပြီး သာယာဝတီမြို့နယ် ဂီတအစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်းတွေ့ဆုံပွဲ အခမ်းအနား ပြီးမြောက်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)