မော်လမြိုင် ဇွန် ၇
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် ၁/၂ဝ၂၆ အား မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံးတွင် ထပ်ဆင့်ရှင်းလင်းပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအမှတ်စဉ် ၁/၂၀၂၆မှ လမ်းညွှန်မှာကြားချက်များအပေါ် မွန်ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးက ခရိုင်/မြို့နယ်စာရင်းစစ်ရုံးမှ ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခြင်းကို ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ မွန်ပြည်နယ် စာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထို့နောက်ညွှန်ကြားရေးမှူး ဒေါ်ညိုမီလွင်က အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များနှင့် မွန်ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏ ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကို တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် လုပ်ငန်းခွင်စွမ်းဆောင်ရည် အကောင်းဆုံးရရှိသည့် ဝန်ထမ်းများအား ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)