အဖျောက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းဆောင်ရွက်

တိုက်ကြီး    ဇွန်      ၇ 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်သည်။

ဦးစွာ အဖျောက်မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့အုပ်ချုပ်ရေးမှူးဦးဇော်မင်းထွေး ဦးဆောင်၍ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံကာ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအား ရပ်ကွက်၊ ကျေးရွာများအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး ပြီးနောက် ပူးပေါင်းအဖွဲ့များနှင့်အတူ မြို့အမျိုးသမီးရေးရာ အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ခွဲအဖွဲ့ဝင်များက အဖျောက်မြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ နေအိမ်များအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်း မပေါက်ပွားစေရေး စစ်ဆေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဝတ်ရည်(ပြန်/ဆက်)