မကွေး ဇွန် ၇
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာ သင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မကွေးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းသို့သွား ရောက်ကြည့်ရှုအားပေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ ဥပဓိရုပ်ကောင်းမွန်ပြီး သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်၌ ပညာသင်ကြားခွင့်ရရှိရေးအတွက် ကျောင်းဝင်းအတွင်း/အပြင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများဆယ်ယူခြင်းနှင့် ခြင်၊ ယင်အန္တရာယ်ကင်းဝေးစေရေးတို့အတွက် သက်ဆိုင်ရာဌာနများက ဟန်ချက်ညီညီ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်ပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့်လူမှုရေးအသင်းအဖွဲ့များ၊ ရက်ကွက်နေပြည်သူများက အခြေခံ ပညာကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့အစည်းများအား အချိုရည်၊ မုန့်နှင့်သောက်ရေသန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)