ကော့မှူး ဇွန် ၇
အစိုးရသစ်ရက်(၁၀၀)စီမံချက်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်း၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေး (အော်တိုအိတ်ချိန်း)တို့ပူးပေါင်း၍ အမြင်မတင့်တယ်သော ဆက်သွယ်ရေး Wi-Fi ကြိုးများနှင့်လျှပ်စစ်ကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများ၌ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ်အတွင်း ဆက်သွယ်ရေးတိုင်များ လျှပ်စစ်ဓာတ်တိုင်များပေါ်တွင် သွယ်တန်းထားသည့် လမ်းဘေးဝဲယာရှိဆက်သွယ်ရေး WiFi ကြိုးများ စနစ်တကျ ဖြစ်စေရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှဝန်ထမ်းများနှင့်မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဝန်ထမ်းများပူးပေါင်း၍ ပြည်တော်သာရပ်ကွက်၊ လက်ခိုက်ကျေးရွာ၊ လာဝတီ ကျေးရွာများ၌ ရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)