ရွှေတောင် မြို့နယ်အတွင်း ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသမှုဆောင်ရွက်

ရွှေတောင် ဇွန်   ၇

ပြည်မြို့ ကုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန် (၁၁) တို့သည် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်တွင် ပါဝင်သော လုပ်ငန်းစဥ်တစ်အနေဖြင့် ဇွန် ၆ရက်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ အထက (ကျီးသဲ)အခြေခံပညာကျောင်းတွင် (ကျီးသဲ၊ သရက်သုံးပင်၊ မြို့မ၊ နွားခြံကုန်း၊ သာစီကုန်း) ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသ မှုဆောင်ရွက်ခဲ့သည်။

အဆိုပါ  အခမဲ့ကွင်းဆင်းဆေးကုသမှုပြုလုပ်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ  ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်မြို့ ကုတင် (၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး အထွေထွေရောဂါကုသမှုခံယူသူ (၉၆)  ဦး၊ ခွဲစိတ်ရောဂါကုသမှု ပြသသူ (၃)  ဦး၊ ကလေးကုသမှုခံယူသူ (၈) ဦး၊ မျက်စိရောဂါကုသမှုခံယူသူ (၆၃)  ဦး၊ ကိုယ်ဝန်ဆောင်သည် ပြသသူ(၉)  ဦး၊ အရိုးရောဂါပြသသူ  (၈၀)  ဦး၊ သွားနှင့်ခံတွင်းကုသမှုခံယူသူ (၂၅) ဦး၊ ဆီးချိုရောဂါ ကုသမှုခံယူသူ (၂၁) ဦးနှင့် ဓာတ်မှန်ကုသမှုခံယူသူ(၂၉) ဦး စုစုပေါင်း ကုသမှုခံ ယူသူ ( ၃၃၄) ဦးတို့အားဆေးကုသပေးခဲ့ကြောင်းသိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)