မရမ်းကုန်း ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်ရှိ စန္ဒိမာခန်းမတွင် ယမန်နေ့နံနက် ၈နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အထူးကုဆရာဝန်ကြီးများက ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့သည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် သွား/ ခံတွင်းဆိုင်ရာ ရောဂါဝေဒနာများ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါဝေဒများ၊ မျက်စိရောဂါဆိုင်ရာဝေဒနာများ၊ ကလေးကျန်းမာရေးအထူးကု၊ သားဖွားမီးယပ်ဆိုင်ရာ ရောဂါဝေဒနာများ၊ ခွဲစိတ်ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ အရေပြားဆိုင်ရာရောဂါဝေဒနာများ၊ စိတ်ကျန်းမာရေးဆိုင်ရာရောဂါဝေဒနာများ၊ အကြောအဆစ်ဆိုင်ရာရောဂါများနှင့် တီဘီရောဂါ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အထူးကုဆရာဝန်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ (မရမ်းကုန်း)