ကြို့ပင်ကောက် ဇွန် ၈
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ဒေသခံတောင်သူများအား သဘာဝမြေဩဇာ ဘိုင်အိုချာထုတ်လုပ်နည်း လက်တွေ့ပြသခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမောင်မောင်ဌေးက မြေဩဇာဘိုင်အိုချာပြုလုပ်ရာတွင် စပါးခွံများအား မဲသွားရုံသာ အပူပေးရမည့် လုပ်နည်းအဆင့်ဆင့် လိုအပ်သည့် ပစ္စည်းထည့်သွင်းအသုံးပြုရန် နှုန်းထားများ၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အသိပညာပေး ရှင်းလင်းပြောကြားပြီး သဘာဝမြေဩဇာဘိုင်အိုချာ ပြုလုပ်ပုံအဆင့်ဆင့်ကို တောင်သူများအား လက်တွေ့ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။
သဘာဝမြေဩဇာ ဘိုင်အိုချာပြုလုပ်နည်း လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံတောင်သူ (၇၀) ဦးခန့် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)