ဟုမ္မလင်းမြို့နယ် မောင်းခမ်းစံပြကျေးရွာ၌ ကျန်မာရေးဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ပြည်သူများကို ကွင်းဆင်းဆေးကုသခြင်းဆောင်ရွက်

ဟုမ္မလင်း ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းရိုင်၊ ဟုမ္မလင်းမြို့နယ် မောင်းခမ်းစံပြကျေးရွာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ (၁၀၀)စီမံချက်ကာလအတွင်း ဟုမ္မလင်းကုတင်(၁၀၀) ဆံ့ဆေးရုံ၊​ဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်းထွန်း၊ ဦး​ဆောင်ပြီးထူးကုဆရာဝန်များနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ဇွန်လ ၇ ရက် နံနက် ၈ နာရီ အချိန်တွင် မောင်းခမ်းတိုက်နယ်ဆေးရုံ၌ အခမဲ့ဆေးကုသကွင်းဆင်းဆောင်ရွက်​ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆေးကုသဆောင်ရွက်ခြင်းကို ဟုမ္မလင်းကုတင်(၁၀၀) ဆံ့ဆေးရုံ၊​ ဆေးရုံအုပ်ကြီး ဒေါက်တာ နေဝင်းထွန်း၊ ရိုးအထူးကု ဆရာဝန်ဒေါက်တာဖြိုးဝေဇော် ​၊ကလေးအထူးကု ဆရာဝန်ဒေါက်တာစည်သူ​ကျော်မြင့်၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန် ဒေါက်တာဇာနည်အောင်၊ ဓာတ်မှန်အထူးကုဆရာဝန် ဒေါက်တာ ထာနီဝင်း​​အောင်၊ ခွဲစိတ်အထူးကုဆရာဝန်ဒေါက်တာ ​​ငြိမ်းချမ်းကို၊​​ မေ့ဆေးအထူးကု ဆရာဝန် ဒေါက်တာ မိဇင်ဇင်လွင်တို့ လိုက်ပါ၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် အတူ မောင်းခမ်းစံပြကျေးရွာရှိ ပြည်သူများကို သွေးပေါင်ချိန်ခြင်း၊ သွေးတိုး၊ ဆီးချို၊ ရောဂါအခံ ရှိ/မရှိစမ်းသပ်ပေးခြင်း၊ ကလေးများအတွက် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါရှိမရှိ စစ်ဆေး​ပေးခြင်းနှင့်သာမန်​ရောဂါကူးသဆောင်ရွက်ပေးခြင်း၊ သွားနှင့်ခံတွင်းရောဂါများ စစ်ဆေးကုသပေးခြင်း၊ အရိုးနှင့် ပတ်သက်သောသာမန်ရောဂါများ ကုသပေးခြင်းနှင့် အရိုးနှင့်ပတ်သက်သော ပညာပေးခြင်းခြင်း၊ ဓာတ်မှန်ရိုက်ပေးခြင်း၊ သားဖွားမီးယပ် အထူးကုဆရာဝန်နှင့် ပူးပေါင်းကုသမှု​ဆောင်ရွက်ပေးခြင်း၊ လိုအပ်လျက်ရှိ​သော ခွဲစိတ်မှုများဆောင်ရွက်ပေးခြင်း၊ အထွေထွေရောဂါများ ကုသခြင်းကို အခမဲ့ကွင်းဆင်းကုသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုနောက်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သော နေရာများတွင်  (ဖုံး၊ သွန်၊ လဲ၊ စစ်၊ ဆောင်ရွက်ခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ် (Abate)ဆေးခတ်ခြင်း၊ စသည့် ကျန်းမာရေးဆိုင်အသိပညာပေးဟောပြောခဲ့ပြီး ပြည်သူများထံ ကျန်းမာရေးဆိုင်ရာ အသိပညာ​ပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း( ပြန်/ဆက်)