ရန်ကုန် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးမျိုးမြင့်အောင်သည် အတွင်းရေးမှူး ဦးချိုထွန်းအောင်၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်မင်းနှင့် ကော်မတီဝင်များ၊ ဌာနမှူးများ လိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အလုံလမ်း၊ ဧရာဝတီလမ်းထိပ်တွင် ရေစီးရေလာကောင်းမွန်စေရန် ဆောင်ရွက်ထားမှု၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်တွင် ရေနုတ်မြောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် ဆယ်ယူရှင်းလင်းထားမှု၊ ဗဟိုလမ်းပေါ်ရှိ အောင်ချမ်းသာ ရေမြောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် ဆယ်ယူရှင်းလင်းထားမှု၊ ဗဟိုလမ်းပေါ်ရှိ အောင်ချမ်းသာရေမြောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် ဆယ်ယူရှင်းလင်းထားမှုနှင့် ပန်းလှိုင်ရပ်ကွက် ရှင်စောပုလမ်းရှိ အောင်ချမ်းသာ ရေနုတ်မြောင်းအတွင်း ရေစီးရေလာကောင်းမွန်စေရန် ဆယ်ယူရှင်းလင်းထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရန်ကုန် - ပုသိမ်ကားလမ်းဘေးတွင် မြေယာရှုခင်းဆောင်ရွက်ရန်အတွက် မြေပြုပြင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)