ပလောက်မြို့၌ စာပေဝါသနာရှင်များ စာဖတ်ဝိုင်းပြုလုပ်

ပလောက် ဇွန် ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့၌ စာပေဝါသနာရှင်များမှစာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်နှင့် စာပေဝါသနာရှင်များ တက်ရောက်ကြသည်။ ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက အမှာစကားပြောကြားသည်။ ထို့နောက် စာရေးဆရာဖေမြင့်၏ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်မှ “ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း” ခေါင်းစဉ်ကို မြို့ဦးစီးမှူး ဒေါ်နှင်မြူလွင်က ဆွေးနွေးပြီး စာပေဝါသနာရှင် မငြိမ်းသဇင်က “စာဖတ်ခြင်းကြောင့် ဘာအကျိုးထူးတွေ ခံစားရနိုင်သလဲ” ခေါင်းစဉ်ကို ဆွေးနွေးပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပလောက် (ပြန် /ဆက်)