အင်းစိန် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားရရှိပြီး စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (Mobile Library Bus) ဖြင့် ဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအရောက် စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင် အင်းစိန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာရုံး၊ စည်ပင်သာယာရေးဦးစီးဌာနရုံးနှင့် သစ်တောဦးစီးဌာနရုံးများရှိ ထန်ထမ်းများထံသို့ သွားရောက်ပြီး သုတ/ ရသစာအုပ်၊ စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့သည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်ယာဉ်ပေါ်တွင် စာအုပ်များ ငှားရမ်းဖတ်ရှု့သူများ အဆင်ပြေစေရေးအတွက် စာဖတ်သူအကြိုက် စာအုပ်စာစောင်များကို နှစ်ပတ်တစ်ကြိမ် သွားရောက် ငှားရမ်းပေးလျက်ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများက အထူးသဘောကျ နှစ်ခြိုက်လျက်ရှိကြောင်း သိရသည်။
အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ ရသ၊ မဂ္ဂဇင်း၊ ဝတ္တု၊ ရုပ်ပြစာအုပ်များပါရှိပြီး စာအုပ်အသစ်များကိုလည်း စဉ်ဆက်မပြတ်လဲလှယ်ပေးလျက်ရှိရာ ယခင်ငှားရမ်းပေးခဲ့သော စာအုပ်များကို လက်ခံရယူခဲ့ကြပြီး ဆက်လက်ငှားရမ်းပေးခဲ့ရာ ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တပတ်တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် ထပ်မံ လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)