မုံရွာ ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းသို့ ရောက်ရှိရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားရုံ၊ ဘောလုံးကွင်း၊ တင်းနစ်၊ ဖူဆယ်အားကစားရုံနှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှု လေ့ကျင့်ရေးအားကစားရုံ အဆောက်အဦများ ထိန်းသိမ်းဆောင်ရွက်ထားရှိမှုများအား လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အားကစားရုံ အဆောက်အဦများ ရည်ရှည်အသုံးပြုနိုင်အောင် ကြံ့ခိုင်မှုရှိစေရေး၊ အားကစားရုံ ပတ်ဝန်းကျင်အား အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အားကစားသမားကောင်းများပေါ်ထွက်ရေး၊ နည်းပြများနှင့် စနစ်တကျလေ့ကျင့်ရေး၊ ပြိုင်ပွဲများစဉ်ဆက်မပြတ် ကျင်းပသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး အားကစားလေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းဝန်းအတွင်းရှိ ပိုက်ကျော်ခြင်းအားကစား လေ့ကျင့်ရေး ရုံ၊ ဘောလုံးကွင်းနှင့် ထမင်းစားဆောင်တို့အား လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်မျာကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများ အားကစားစုဖွဲ့လေ့ကျင့်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ ရင်းရင်းနှီးနှီးနှုတ် ဆက်အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒသကြီး(ပြန်/ဆက်)