ကျိုင်းလပ် ဇွန် ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာဝန်ထမ်းများက စာပေဖတ်ရှုလိုသူများ လွယ်လင့်တကူဖတ်ရှုလေ့လာနိုင်စေရန် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းဖြင့် ကြည့်တိုက်သို့လာရောက်ရန်အခက်အခဲရှိသည့် စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်သူ တိုးပွားလာစေရန်ရည်ရွယ်၍ ငှားရမ်းပေးခြင်း ဖြစ်သည်။
နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် သုတ၊ ရသ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြကာတွန်း အပါအဝင် စာအုပ်ပေါင်း(၅၀)ကိုယူဆောင်၍ မိမိတို့ကြိုက်နှစ်သက်ရာ စာအုပ်များကို ၄ ရက်မှ ၆ ရက်အထိ ငှားရမ်းဖတ်ရှုနိုင်ပြီး ယခင်ငှားရမ်းထားသော စာအုပ်စာစောင်အပ်နှံမှုကိုလက်ခံ၍ စာအုပ်စာစောင်အသစ်များ ထပ်မံငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဝါသနာရှင်များ အချိန်ကိုအကျိုးရှိစွာအသုံးချတက်ပြီး စာပေနှင့်ဝေးကွာခြင်းမရှိဘဲ အချိန်ကုန်သက်သာ၍ စာပေများ ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ကျိုင်းလပ်(ပြန်/ဆက်)